မိတ္ထီလာခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပတ်ဝန်းကျင်ဆိုင်ရာ သိမှတ်ဖွယ်ရာများ အသိပညာပေး Talk Show ကျင်းပ

မိတ္ထီလာ မေ ၁၇

မိတ္ထီလာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ပတ်ဝန်းကျင်ဆိုင်ရာ သိမှတ်ဖွယ်ရာများ Talk Show အစီအစဉ်ကို ကျင်းပကြောင်း သိရသည်။

အဆိုပါ ပတ်ဝန်းကျင်ဆိုင်ရာ သိမှတ်ဖွယ်ရာများ အသိပညာပေး Talk Show အစီအစဉ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ဆောင်ရွက်သည်။ပတ်ဝန်းကျင်ဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်းကို ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြွယ်ကြွယ်က အသိပညာပေးဆွေးနွေးသည်။ ပတ်ဝန်းကျင်ဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်းကို ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြွယ်ကြွယ်က အသိပညာပေးဆွေးနွေးရာတွင် ပတ်ဝန်းကျင်ဆိုသည့် အဓိပ္ပာယ်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော အကြောင်းအရင်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုဖြစ်ပွားရသည့် အကြောင်းအရင်းများကို အသိပညာပေးဆွေးနွေးပြောကြားပြီး ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများကို အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းဆွေးနွေးကြောင်း သိရသည်။

ချမ်းသာ