ချောက်မြို့နယ်အတွင်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်             ​

ချောက် ​မေ ၁၈

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်မြို့နယ်၌ မြို့နယ်​​ကျေးလက်​​ဒေသဖွံ့တိုးတက်​ရေးဦးစီးဌာနမှ  ကျေးရွာဖွံဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ  ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင် စက်ရေတွင်းတူးဖော်ခြင်း၊​ ရေစင်တည်ဆောက်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း၊ ကုန်ထုတ်လမ်း​ဖောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်​ကြောင်းသိရသည်။

ချောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်အတွင်း တိုင်း​ဒေသကြီးဘတ်ဂျတ်ဖြင့် နလင်ကန်(​နောက်) နှင့်   စွယ်​ပေါက္ကံ(​နောက်)​ကျေးရွာများတွင် ရေတွင်းတူး​ဖော်ခြင်း၊​ ရေစင်တည်​ဆောက်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း လုပ်ငန်းများကိုလည်းကောင်း၊ ပြည်​ထောင်စုရန်ပုံ​ငွေဖြင့် ရွာမ​​ကျေးရွာနှင့် ကြို့ပင်စုကျေးရွာများတွင် ရေတွင်းတူး​ဖော်ခြင်း၊​ ရေစင်တည်​ဆောက်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း လုပ်ငန်းများကိုလည်းကောင်း၊ ကန်​ရေ​လေး​ကျေးရွာနှင့်ဆူး​တောကျေးရွာများတွင် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကန်​ရေ​လေး​ကျေးရွာတွင် ကုန်ထုတ်လမ်းအရှည် ၄ဖာလုံ​၊ဆူး​တောကျေးရွာတွင် ကုန်ထုတ်လမ်းအရှည် ၁မိုင် ၄ဖာလုံဖောက်လုပ်သွားမည်ဖြစ်ကြောင်းသိရပြီး မြို့နယ်​​ကျေးလက်​​ဒေသဖွံ့တိုးတက်​ရေးဦးစီးဌာနအနေဖြင့် ကျေးရွာများ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး၊ မီးလင်းရေး၊ ရေရရှိရေး၊ လမ်း/တံတားများနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများစသည့် ကျေးရွာဖွံဖြိုးရေး လုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကျော်မိုး(ပြန်/ဆက်)