မကွေးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ တိုင်းဒေသကြီးသင်ကြားရေးဆေးရုံရှိ ကင်ဆာရောဂါလူနာများအား ထောက်ပံ့ငွေများနှင့် အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့လှူဒါန်း

မကွေး မေ ၁၈

မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့်အမျိုးသမီးရေးရာအဖွဲ့တို့မှ တို်ငးဒေသကြီးသင်ကြားရေးဆေးရုံရှိ ကင်ဆာရောဂါလူနာများအား ထောက်ပံ့ငွေများနှင့် အာဟာရဖြည့်စွက်အစာအစားများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးသင်ကြားရေးဆေးရုံရှိ ကင်ဆာရောဂါလူနာကုသဆောင်သို့ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ကင်ဆာရောဂါလူနာများအား ထောက်ပံ့ငွေများနှင့်အာဟာရဖြည့်စွက် အစားအစာများ ထောက်ပံ့လှူဒါန်းရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဝင်းဝင်းမြင့် ဦးဆောင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၏ဇနီး ဒေါ်သီတာချို၊ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များသည် တိုင်းဒေသကြီးသင်ကြားရေးဆေးရုံရှိ ကင်ဆာရောဂါလူနာ(၃၀)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၁)သောင်း၊ အာဟာရဖြည့်စွက်အစားအစာဖြစ်သည့် Ensure တစ်ဗူး၊ ကြက်သားဘီစကစ်(၁)ထုပ်စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)