ချမ်းအေးသာစံ မေ ၁၈
မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေး (Hand Speaker)ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ပြည်ကြီးပျော်ဖွယ်အနောက်ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါမျိူးကွဲသစ် အိုမီခရွန်ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးမဖြစ်မနေ မိမိအိမ်တွင်း၌သာနေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှလာသောဧည့်သည်များကို လက်မခံရန်၊ မိမိတို့မှလည်း သူတစ်ပါးအိမ်သို့ သွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ် တကျတပ်ဆင်၍ ၆ပေအကွာမှ ခပ်ခွာခွာနေရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကျဉ်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်းကို ရှောင်ကြဉ်ကြရန်၊ မိမိတို့နေအိမ်များအား လေဝင်လေထွက်ကောင်းစေရန်အတွက် ပြတင်းပေါက်များဖွင့်ထားရန်၊ နေအိမ်ပြင်ပက ပြန်လာပြီးတိုင်း လုပ်ဆောင်ရမည့်နည်းလမ်းများ၊ မိမိကိုယ်ကို သံသယလက္ခဏာ တစ်စုံတစ်ရာခံစားရပါက နီးစပ်ရာကျန်းမာရေးဌာန၌ စစ်ဆေးကုသမှုခံယူရန် စသည်ဖြင့် ကျန်းမာရေးဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေး စသည့်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိ ပညာပေးနှိုးဆော်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ဆေးထိုးနှံနိုင်စေရေးအတွက် အပတ်စဉ် စဉ်ဆက်မပြတ် အသိပညာပေးနှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိပ်ထားနိုင်