ပန်းတောင်းမြို့နယ်တွင် သွေးလွန်တုတ်ကွေးကြိုတင် ကာကွယ်နှိမ်နင်း တားစီးရေး ပြုလုပ်ခြင်းဆောင်ရွက်

ပန်းတောင်း မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကြခတ်ရပ်ကွက်အတွင်း၌ သွေးလွန်တုတ်ကွေးကြိုတင် ကာကွယ်နှိမ်နင်း တားစီးရေးပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ / ကြခတ်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အတွင်းရှိ နေအိမ်များအား လိုက်လံစစ်ဆေးခဲ့ပြီး သောက်သုံးရေများ၌ ပိုးလောက်လန်းရှိ / မရှိစစ်ဆေးခြင်း “အဘိတ်”ကာကွယ်ဆေးခတ်ပေးခြင်းပြုလုပ်ပြီး သွေးလွန်ထုတ်ကွေး မဖြစ်ပေါ်စေရေးအတွက် ဖုံး/ သွန်/ လဲ/ စစ် ပညာပေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရသည်။

သင်းသင်းအေး(ပြန်/ဆက်)