ရေဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်

ရေဖြူ မေ ၁၈

ထားဝယ်ခရိုင်၊‌ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၈ နာရီက လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဖြူဖြူရှိန် က ယနေ့အခမ်းအနားမှူးသင်တန်းသည် လူထုအခြေပြုဗဟိုဌာနတွင် ဒုတိယအကြိမ်မြောက် ဖွင့်လှစ်‌သော သင်တန်းဖြစ်ကြောင်း၊ အစည်းအဝေး၊ ဆွေးနွေးပွဲ၊ လှူဒါန်းပွဲ၊ အခမ်းအနားများ ပြီးစီးအောင် တာဝန်ထမ်းဆောင်ခြင်းကို အခမ်းအနားမှူးဟုခေါ်ဆိုကြောင်း၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်နှင့်ကျေးရွာများရှိ အခမ်းအနားများတွင် တာဝန်ပေးအပ်လာပါက အခမ်းအနားမှူး တာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်းနှင့် အခမ်းအနားမှူးအကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်ကက သင်တန်းသားများအား အခမ်းအနားမှူး တစ်ယောက်၏ အရည်အချင်းအကြောင်း၊ အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှုအကြောင်း၊ အသံအနေအထားအကြောင်း၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည့်နည်းလမ်းများအကြောင်း၊ အကြီးအကဲများရှေ့တွင် အရိုအသေပြုရမည့် နည်းလမ်းများအကြောင်းကို မေလ ၁၉ ရက်နေ့ အထိ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပြသပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခတ္တာ(ရေဖြူ)