မြောက်ဦးမြို့တွင် သျှစ်သောင်း၊ထုက္ကံသိမ်၊ အံတော်သိမ် ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇေနိယပွဲတော်၌ ရခိုင်ရိုးရာကျင်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

မြောက်ဦး မေ ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ရခိုင်ရှေ့ဟောင်းသမိုင်းဝင် အထင်ကရ ဘုရားစေတီ၊ ပုထိုးများဖြစ်သော သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ်ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇေနိယပွဲ တော်၌ ရခိုင်ရိုးရာကျင်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီ အချိန်က ထုက္ကံသိမ် ဘုရားအနီး ကျင်ပြိုင်ပွဲကွင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျင်ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများတို့ တက်ရောက်ကြသည်၊၊ ထိုကျင်ပြိုင်ပွဲတွင် ကျင်ဒိုင်ဆရာမှ ကျင်၏စည်းမျဉ်း၊စည်းကမ်းများကို ဖတ်ပြပြီး ကျင်ပြိုင်ပွဲကို စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ထို ကျင်ပွဲတွင် အကြီတန်းဝင်ရောက်ယဉ်ပြိုင်သူ ၂၆ ဦး တွင် ပထမဆု ၁၄ သိန်းကို ပေါက်တော မြို့နယ် ဦးမင်းမင်းထွန်းနှင့် ဒုတိယဆု ၁၀ သိန်းကို ကျောက်ဖြူမြို့နယ် ဦးနိုင်ထွန်းမှ အနိုင်ရရှိ ခဲ့သည်။ အလတ်တန်းဝင်ရောက်ယှဉ်ပြိုင်သူ ၁၂၅ ဦးထဲတွင် ပထမဆု ၁၀သိန်းကို ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်ကျေးရွာမှ ဦးအောင်နိုင်နှင့် ဒုတိယဆု ၈ သိန်းကို မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာမှ ဦးအောင်ပိုင်စိုး တို့ရရှိသွားပြီး အငယ်တန်းဝင်ရောက်ယှဉ်ပြိုင်သူ ၂၀၀ ဦးတွင် ပထမဆု ၈ သိန်းနှင့် ဒုတိယဆု ၆ သိန်းတို့ကို မြောက်ဦးမြို့နယ် အောင်မင်္ဂလာရပ်ကွက် ဦးစိန်ကျော်ဝင်း၊ ကြက်ဈေးရပ်ကွက် ဦးရီမင်းချေတို့မှ အနိုင်ရရှိသွား၍ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ထိုကျင်ပွဲတွင် အမြို့မြို့အနယ်နယ်မှ လာရောက်အားပေးသူများနှင့် အထူးစည်ကားလျက်ရှိကြောင်း  သိရသည်။

မြင့်စိုး(ပြန်/ဆက်)