သတင်းများ

သနပ်ပင်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင်အပင်ကိုပျိုးတတ်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ညောင်ဦးခရိုင်တွင် Grade-8 သင်ရိုးသစ် ဆင့်ပွားသင်တန်းများ မြို့နယ်အလိုက် ဖွင့်လှစ်သင်ကြားပို့ချ
May 18,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် မြို့နယ်ပညာရေးမှူးရုံးတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် Grade-8 သင်ရိုးသစ်သင်တန်းကို မြို့နယ်အလိုက်ဖွင့်လှစ်သင်ကြားခဲ့ရာ ယနေ့သင်တန်း နောက်ဆုံးနေ့အဖြစ် သင်တန်းပို့ချလျက်ရှိကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ကလေးစာဖတ်ခန်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ
May 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက် လာစေရန်၊ အများသူငှာရှေ့တွင် ရဲဝင့်စွာပြောဆိုတက်စေရန်နှင့် စာကြည့်တိုက်အား အသုံးပြုတက်စေရန်ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ညောင်လေးပင်မြို့၌ လူငယ်နှင့်စာပေဆိုင်ရာ ကောင်းကျိုးများ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
May 18,2022
လူငယ်များ စာပေ၏ကောင်းကျိုးကို သိရှိပြီး စာအုပ်စာပေဖတ်ရှုခြင်းနှင့် စာဖတ်သည့် အလေ့အထ ပိုမိုတိုးတက် ရရှိစေရေး လူငယ်နှင့်စာပေဆိုင်ရာ ကောင်းကျိုးများ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲကို ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ ညနေက ကျင်းပပြုလုပ်ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်အတွင်း သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်
May 18,2022
မိုးရာသီတွင်အဖြစ်များသည့် သွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ယနေ့နံနက်ပိုင်းက မိုင်းရယ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဉက္ကဋ္ဌ ဒေါ်တင်ထွေးရီ နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဋ္ဌာနမှ ဝန်ထမ်းများ၊ ဋ္ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဖုံး၊ သွန်၊လဲ၊ စစ် လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
မလှိုင်မြို့နယ် ပျူကန်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်ပေါ်သို့ သစ်ပင်ပြိုလဲမှုဖြစ်ပွား
May 18,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရုံးတောကျေးရွာအုပ်စု၊ ပျူကန်ကျေးရွာတွင် ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် လူနေအိမ်အနီးရှိ ယင်းမာပင် နေအိမ်ပေါ်သို့ ပြိုလဲခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ သံပုရာသီး တစ်လုံးလျင် ငွေကျပ်(၃)ကျပ်မှ(၃)ကျပ်ခွဲသာရရှိပြီး ဈေးနှုန်းကျဆင်း
May 18,2022
စားသောက်ကုန်အသီးအနှံများတွင် သံပုရာသီးသည် စားသုံးသူများ စားသောက်သုံးစွဲမှုများသည့် အသီးအနှံများတွင် ပါဝင်ပြီး နှစ်ရှည်သီးနှံပင်ဖြစ်သည့် သံပုရာပင်သည် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုကျေးရွာများ၌ ရာသီဥတုနှင့် သဘာဝရေမြေအနေအထားအရ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မြို့နယ်အတွင်း၌ သံပုရာပင်စိုက်ပျိုးဧကပေါင်းများစွာရှိပြီး နှစ်စဉ်မိုးရာသီနှင့် နွေရာသီများတွင် သံပုရာသီးများ များစွာထွက်ရှိသည့် မြို့နယ်တစ်မြို့ဖြစ်ကြောင်းသိရသည်။
မိုးနဲမြို့နယ် နတ်ရေကန်(နောင်လုံ) ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ညှိနှိုင်းဆွေးနွေး ပွဲကျင်းပ
May 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်  လွိုင်မြေရပ်ကွက် ဝိဇ္ဇာရိယ ဘုန်းတော်ကြီးကျောင်းတွင် နတ်ရေကန်(နောင်လုံ) ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင် ရန်နှင့် ကော်မတီတစ်ရပ်ဖွဲ့စည်းနိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက ညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။