မိုင်းရယ် မေ ၁၇
မိုးရာသီတွင်အဖြစ်များသည့် သွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ယနေ့နံနက်ပိုင်းက မိုင်းရယ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဉက္ကဋ္ဌ ဒေါ်တင်ထွေးရီ နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဋ္ဌာနမှ ဝန်ထမ်းများ၊ ဋ္ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဖုံး၊ သွန်၊လဲ၊ စစ် လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဋ္ဌာနမှ ဝန်ထမ်းများ၊ ဋ္ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များ၊ ဈေးများ၊ ဆောက်လုပ်ရေးလုပ် ငန်းခွင်များ၊ ဘာသာရေးအဆောက်အဉီးများရှိ ရေတွင်းရေကန်များတွင် ခြင်များခိုအောင်းပေါက် ဖွားမှုမဖြစ်စေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အသိပညာပေးခြင်းများ၊ စစ်ဆေးခြင်းများကို စနစ်တကျပြုလုပ်ပေးခဲ့ကြောင်း သိရှိရပါသည်။
ခင်မာလာ