ညောင်ဦး မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် မြို့နယ်ပညာရေးမှူးရုံးတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် Grade-8 သင်ရိုးသစ်သင်တန်းကို မြို့နယ်အလိုက်ဖွင့်လှစ်သင်ကြားခဲ့ရာ ယနေ့သင်တန်း နောက်ဆုံးနေ့အဖြစ် သင်တန်းပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ညောင်ဦးခရိုင်အတွင်းရှိ မြို့နယ်အလိုက်ဆရာ/ဆရာမများအား Grade-8 သင်ရိုးသစ် သင်ရိုးသစ်သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကိုနားလည် သဘောပေါက်စေရန်၊ Grade-8 သင်ရိုးသစ် ကျောင်းသားကိုင်စာအုပ်နှင့်ဆရာ လမ်းညွှန်စာအုပ်များ အသုံးပြုပုံများသိရှိစေရန်နှင့် ယေဘုယျဦးတည်ချက်များနှင့်အဓိက ဦးတည်ချက်များကို သင်ကြားရေးဆိုင်ရာ ဆရာ/ဆရာမများလိုက်နာ သဘောပေါက်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ညောင်ဦးမြို့နယ်၊မြို့ နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးကရှင်းပြသည်။
အဆိုပါသင်တန်းကို ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမ တွင်လည်ကောင်း၊ ကျောက်ပန်းတောင်းမြို့၌ အခြေခံပညာ အထက်တန်းကျောင်း-၂(အထက-၂)၌လည်း ကောင်းသင်ကြားပို့ချလျက်ရှိခဲ့ရာ ညောင်ဦးမြို့နယ်တွင် သင်တန်းသား (၃၆၁)ဦး၊ နည်းပြ(၂၅)ဦး၊ ကြီးကြပ်(၃)ဦး၊ ရုံးအဖွဲ့မှူး(၃)ဦးတို့ဖြင့် သင်ကြားခဲ့ပြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် သင်တန်းသား (၆၈၃)ဦး နည်းပြ(၅၆)ဦး၊ ကြီးကြပ် (၃)ဦး၊ ရုံးအဖွဲ့(၃)ဦးတို့ဖြင့် မေလ ၁၆ ရက်နေ့ နံနက် ၉ နာရီမှစတင်ကာ၊ မေ ၁၈ရက်(ယနေ့) သင်တန်းနောက်ဆုံးနေ့ပို့ချသင်ကြားလျက်ရှိကြောင်းသိရသည်။
ကိုထိန်၊KPD