ညောင်လေးပင် မေ ၁၈
လူငယ်များ စာပေ၏ကောင်းကျိုးကို သိရှိပြီး စာအုပ်စာပေဖတ်ရှုခြင်းနှင့် စာဖတ်သည့် အလေ့အထ ပိုမိုတိုးတက် ရရှိစေရေး လူငယ်နှင့်စာပေဆိုင်ရာ ကောင်းကျိုးများ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲကို ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ ညနေက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဉီးစီးအရာရှိဒေါ်နီနီဝင်းက ယနေ့ လူငယ်များသည် နောင်အနာဂါတ်ပင်ဖြစ်ပါကြောင်း၊ ယနေ့လူငယ်များ အတွေးမှန် အမြင်မှန် လုပ်ရပ်မှန်မှ နောင်အနာဂါတ်လည်း မှန်ကန်ကောင်းမွန်သည့် အနာဂါတ်ဖြစ်လာမှာဖြစ်ပါကြောင်း၊ အတွေးမှန်လုပ်ရပ်မှန်စေဖို့ စာအုပ်စာပေ ဖတ်ရှုဖို့လိုအပ်ပါကြောင်းနှင့် စာပေဖတ်ရှုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအား အသိပညာပေး ဟောပြောသည်။
ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဉီးစီမှူး ဒေါ်မိုးစန္ဒဝင်းက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ပါဝင်စားသူ လူငယ်လူရွယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်