သနပ်ပင်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

သနပ်ပင် မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင်အပင်ကိုပျိုးတတ်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ  ဒေါ်ညိုပြာမှ စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး  စာ‌ပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ‌ ဒေါ်စန္ဒာစိုးမှ စာရေးဆရာ၏  ပန်းလိုချင် အပင်ပျိုးတတ်မှ စာစုများသည် နုနယ်သည့် ရင်သွေးငယ်လေးများ၊ သားကောင်း ရတနာ၊ သမီးကောင်းရတနာလေးများ၊  ဖြစ်လာရန် ပြုစုပျိုးထောင်ရာ၌ သားသမီးရှင်မိဘများ၊ ဆရာဆရာမများ အနေဖြင့် အပင်ကိုပျိုးတတ်ရန် လိုအပ်ကြောင်း စာစုများအလိုက် တင်ပြထားသည်မှာ သိရှိလိုက်နာမှတ်သားဖွယ် အလွန်ကောင်းပါသည်။ ဥယျာဉ်မှူးတို့မည်သည် ပန်းကောင်းတစ်ပွင့်ရရှိရန်အတွက် အပင်ကိုပျိုးရသည် အပင်ရှင်သန်ရန်အတွက် မြေဆီမြေဩဇာကျွေးရသည် ရေလောင်းပေါင်းရှင်းရသည် သို့မှာသာ ပန်းကောင်းတစ်ပွင့် ရရှိမည်ဖြစ်သကဲ့သို့  သားသမီးကိုချစ်ကြသည့် မိဘများအနေဖြင့် ပန်းကောင်းတစ်ပွင့်ဖြစ်ရန် ထူးချွန်ထက်မြက်သော သားသမီးများဖြစ်လာစေရန် ပဲ့ကိုင်ထိန်းသိမ်းတတ်ရန် လိုအပ်ကြောင်း ဆရာ၏ သုတ၊ ရသ စာပေ ရေးသားချက်များသည်  မှတ်သားဖွယ်ကောင်းပြီး  လေ့လာဖတ်ရှုသင့်ကြောင်း ပြောဆို‌ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှမိုး