မလှိုင် မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရုံးတောကျေးရွာအုပ်စု၊ ပျူကန်ကျေးရွာတွင် ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် လူနေအိမ်အနီးရှိ ယင်းမာပင် နေအိမ်ပေါ်သို့ ပြိုလဲခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမြင့် (၂၅)ပေ၊ အချင်း (၁)ပေခွဲ ခန့်ရှိ ယင်းမာပင်ပြိုလဲခဲ့ရာ ဦးသန်းတိုးအောင်၏ နေအိမ်အမိုးမှ သွပ် (၁၀)ချပ်၊ ဒိုင်း (၅)ချောင်း၊ မြား (၄)ချောင်း ပျက်စီးခဲ့ပြီးလူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါသစ်ပင်ပြိုလဲရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများသွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)