သာယာဝတီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံ တိုးချဲ့စိုက်ပျိုးမည့် တောင်သူတစ်ဦးချင်း စီမံကိန်းတာဝန်ပေးအပခြင်း အခမ်းအနားကျင်းပ

သာယာဝတီ မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံ တိုးချဲ့စိုက်ပျိုးမည့် တောင်သူတစ်ဦးချင်း စီမံကိန်းတာဝန်ပေးအပ်ခြင်း အခမ်းအနားကို မေလ ၁၈ ရက် နံနက်ပိုင်းက သုံးထောင့်ကန်ကျေးရွာအုပ်စု ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၏ ရည်မှန်း ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုးလွင်နှင့်တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး၊နွေစပါး၊ဆောင်းသီးနှံ တိုးချဲ့စိုက်ပျိုးမည့် တောင်သူတစ်ဦးချင်းစီအား စီမံကိန်းတာဝန်အသီးသီးပေးအပ်ခဲ့သည်။

အလားတူ နေ့လယ်ပိုင်းတွင် ချောင်းသုံးခွအုပ်စု စက်ကွင်းလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တောင်သူတစ်ဦးချင်းစီအား စီမံကိန်းတာဝန်အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)