ဥတ္တရသီရိ မေ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုး တက်စေရန်ရည်ရွယ်၍ အလယ်တန်းအဆင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးက ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြစန်းရီက ဆုရွေးချယ်မှုအခြေအနေများအား ရှင်းလင်းပြောကြားပြီးနောက် အလယ်တန်း အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပရာ ပထမဆုရရှိသူအား ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးမှ လည်းကောင်း၊ ဒုတိယဆုရရှိသူအား အ.ထ.က(၁၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီအုန်းမှ လည်းကောင်း၊ တတိယရရှိသူအား စာရေးဆရာမ ဒေါ်ချယ်ရီအောင်သန်းမှ လည်းကောင်း အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲသို့ အမှတ်(၁၃) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း