တောင်ဥက္ကလာပမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေးအတွက် စာဖတ်ခြင်းအကျိုး‌ကျေးဇူး ဆွေးနွေးပွဲ Talk Show ပြုလုပ်

တောင်ဥက္ကလာပ  မေ  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမ၌  ယနေ့နေလယ် (၁၂) နာရီအချိန်က စာဖတ်ခြင်းအကျိုး‌ ကျေးဇူးဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။

ဆွေးနွေးပွဲ(Talk Show)တွင် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင် စာရေးဆရာ မောင်ယဉ်ဝေမှ ယနေ့လူငယ်လူရွယ်များ စာပေဖတ်ရှုမှု အားကောင်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်‌စေရန်၊ စာပေဗဟုသုတကြွယ်ဝစေရန်၊ စာ‌ပေ‌များမှမှန်ကန်‌သော အသိတရား၊ မှန်ကန်သော ဆုံးဖြတ်ချက်များရရှိစေရန်၊ စာဖတ်ခြင်းဖြင့်အကျိုး‌ ကျေးဇူးများ ရရှိနိုင်ကြောင်း၊ အားလပ်‌သော အချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် အသိပညာ‌ပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာဖတ်ခြင်းအကျိုး‌ကျေးဇူးများကို အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။                           

ခင်ဆွေနှင်း