ရေနံချောင်းတက္ကသိုလ်၌ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြား

ရေနံချောင်း မေ ၁၈

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းတက္ကသိုလ် နေ့သင်တန်းများကို ယခုလ မေ ၁၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ရေနံချောင်းတက္ကသိုလ် နေ့သင်တန်းများ စတင်ဖွင့်လှစ်သည့်နေ့မှစ၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ ဂုဏ်ထူးတန်း(ပထမနှစ်) ကျောင်းသားကျောင်းသူများ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဂုဏ်ထူးတန်း(တတိယနှစ်)၊ မဟာအရည်အချင်းစစ်သင်တန်း၊ မဟာဘွဲ့သင်တန်း ကျောင်းသားကျောင်းသူများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် ကျောင်းသားကျောင်းသူများ တက်ရောက်ကာ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုကို ခေတ္တပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က မေ ၁၈ ရက် နံနက်ပိုင်းတွင် စာသင်ခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ရေနံချောင်းတက္ကသိုလ် ဘာသာရပ်အသီးသီးသို့ တက်ရောက်ပညာသင်ကြားရန် လာရောက်ကြသည့် ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန်အတွက် တက္ကသိုလ်ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် ဆရာ ဆရာမများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်