ရွာငံမြို့နယ်တွင် ရပ်ရွာအခြေပြုစက်ချုပ်သင်တန်း ဖွင့်လှစ်
Jun 02,2022
အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နေထိုင်ကာ အမျိုးသား/အမျိုးသမီးများ မိသားစုအိမ်တွင်း တစ်နိုင်စီးပွားပြုနိုင်ရန်ရည်ရွယ်ပြီး အိမ်တွင်းမှုသက်မွေးပညာရပ်များ တက်မြောက်စေရန်အလို့ငှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ရပ်ရွာအခြေပြုစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက သစ်ဆိမ့်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။