သတင်းများ

နောင်တရားဒေသထွက် လက်ဖက်ခြောက် ဈေးနှုန်းကျဆင်းခြင်းကြောင့် လက်ဖက်စိုက်တောင်သူများ အခက်တွေ့
May 18,2022
ရှမ်းပြည်နယ်တောင်းပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသထွက် လက်ဖက်ခြောက်များ အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းကျဆင်းခြင်းကြောင့် လက်ဖက်စိုက်တောင်သူများ အခက်တွေ့လျက်ရှိကြောင်း လက်ဖက်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
မဘိမ်းမြို့၌ နမ့်ပုံးပုံးရပ်ကွက် ကုက္ကိုလ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
May 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်စည်ပင်သာယာရေးဌာနမှ  အများပြည်သူများ သွားလာမှုလွယ်ကူစေရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဖွံ့ဖြိုးတိုး တက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်တွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၉.၇၅)သန်း ဖြင့် မဘိမ်းမြို့၊ နမ့်ပုံးပုံးရပ်ကွက်၊ ကုက္ကိုလ်လမ်းတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို မေ ၁၈ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သာစည်မြို့၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်
May 18,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို မေ ၁၈ ရက် နံနက် ၈ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။
မဘိမ်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်
May 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 
တံတားဦးမြို့နယ်၌ မိုးဦးကာလတွင် တောင်သူများ ပဲတီစိမ်းများ စိုက်ပျိုး
May 18,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ တောင်သူများ မိုးဦးကာလတွင် ပဲတီစိမ်းများ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
May 18,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းမျာကို မေလ(၁၇)ရက် နံနက်(၉)နာရီ အချိန်က အမှတ်(၆)ရပ်ကွက်သို့သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က တစ်ပတ်လျှင်(၄)ကြိမ်  ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
May 18,2022
၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၄)ခရိုင် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီး၊ မိုးလုံလေလုံအားကစားခန်းမ၌ ယမန်နေ့ညနေ ၄ နာရီက ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဝန်ကြီးများ၊
ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာတံတားချဉ်းကပ်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်
May 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးလွယ်ကူအဆင်ပြေစေရန်ရည်ရွယ်၍ ကျေးလက်လမ်းဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် မိုးနိုင်းကျေးရွာ ဆက်သွယ်ထားသည့်တံတားအား မိုးရာသီတွင် ရေတိုက်စားမှုအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိစေရန်အတွက် တံတားချဉ်းကပ်လမ်းနှစ်ဖက်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မေလဒုတိယအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း လှိုင်းဘွဲမြို့နယ်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။