ကျိုက်မရော ဇွန် ၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ဇွန်လ၂ရက်နေ့မှ စတင်ဖွင့်လှစ်ပြီးဖြစ်ရာ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် စတင်ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
ကျိုက်မရောမြို့နယ်တွင် အခြေခံပညာကျောင်းစုစုပေါင်း(၁၄၁) ကျောင်းရှိပြီး ကျောင်းများအားလုံး တည်ငြိမ်အေးချမ်းစွာဖြင့် စတင်ပညာသင်ကြားလျက်ရှိနေပြီးဖြစ်ကြောင်းသိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းလာရောက်အပ်နှံပြီးသူ ယနေ့အထိ (၃၅၀၀၀)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် (၈၀)ရာခိုင်နှုန်းအထိ အပ်နှံထားပြီးဖြစ်ရာ ယနေ့ကျောင်းများ စတင်ဖွင့်လှစ်သည့် နေ့တွင်လာရောက်အပ်နှံပြီးသူ ကျောင်းသား ကျောင်းသူများအားလုံး အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်နေကြပြီးဖြစ်ရာ ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေး ထံမှသိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)