ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မောင်တော မေ  ၁၉

 ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ NGO အဖွဲ့များမှ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ ယနေ့ နံနက် ၈ နာရီက  ဌာနဆိုင်ရာရုံးများနှင့် နေအိမ်လိုင်းခန်းများအတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ အဘိတ်ဆေးများခပ်ပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးလုပ်သားများ အရန်သားဖွားဆရာမများ၊ ကျန်းမာရေးလုပ်သားများ၊ INGOs ဝန်ထမ်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကရုဏာကွန်ယက်အဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဌာနဆိုင်ရာရုံးများ၊ မောင်နီရပ်ကွက်နှင့် ဝန်ထမ်းအိမ်ရာများ၌ ထိုင်လျက်ရှိသော ပြည်သူများ၏ နေအိမ်များသို့ သွားရောက်ကာ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ် ပေးခြင်း၊ မလှဲမသွန်နိုင်သော နေရာများကို အဘိတ်ဆေးများခပ်ပေးခြင်း၊ ခြင်ခိုအောင်း ပေါက်ပွားနိုင်သော ရေလှောင်ကန်များ၊ ရေစည်များ၊ ရေတွင်း၊ ရေကန်များထဲသို့ ပိုးလောက် လန်းသေ အဘိတ်ဆေးများခပ်ပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကို ဆက်လက် ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင်ပြန်/ဆက်)