ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်တင် အခမ်းအနား

ပန်းတောင်း မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်တင်အခမ်းအနားကို ယနေ့နံနက် (၉:၃၀)အချိန်က အ.ထ.က ပန်းတောင်းကျောင်းရှေ့တွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး ပိုစတာစိုက်ထူပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်း၊ ဒုတိယပညာရေးမှူး ဦးမြင့်ဆွေတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးနှင့် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး