သပိတ်ကျင်း မေ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့တွင် ပညာရေးဝန်ကြီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် (၈) နာရီက ကဘဲ့ရပ်ကွက်တွင် စိုက်ထူခဲ့ကြောင်းသိရသည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းလတ်၊ မြို့နယ်ပညာရေးမှူး ဦးဝင်းမောင်၊ အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာဆရာမများ တက်ရောက်ခဲ့ကြပြီး သပိတ်ကျင်းမြို့ ကဘဲ့ရပ်ကွက် လူစည်ကားရာလမ်းဆုံတွင် အများပြည်သူ များ သိရှိနိုင်ရန်အတွက် ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြသည်။
ပညာရေးဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ၂၀၂၂-ခုနှစ် မေလ (၂၆) ရက်နေ့တွင် စတင်ပြီး ဇွန်လ (၂) ရက်နေ့တွင် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံမှ သိရသည်။
စိုးနိုင်ဝင်း (သပိတ်ကျင်း)