ကဝ မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဝန်ထမ်းများ စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုနိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနရုံးများသို့ စာအုပ် စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
ထိုသို့စာငှားဝန်ဆောင်မှု ပြုလုပ်ရခြင်းမှာ စာကြည့်တိုက်သို့ လုပ်ငန်းတာဝန်များ မအားလပ်၍ မလာရောက်နိုင်သူများ၊စာအုပ်စာပေများကို လာရောက်ငှားရမ်းရန် ခက်ခဲသူများအတွက် အလွယ်တကူ စာအုပ်စာစောင်များ ငှားရမ်း ဖတ်ရှုနိုင်ရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ပိုမိုရရှိလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာပြီး စာပေမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ငှားရမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းသန်းဝင်း