ကျိုက်ထိုမြို့နယ် ပညာရေးဦးစီးဌာနမှ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (မြို့နယ်အဆင့်) ပြုလုပ်

ကျိုက်ထို မေ ၁၉

ကျိုက်ထိုမြို့နယ် ပညာရေးဦးစီးဌာနမှ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (မြို့နယ်အဆင့်)ကို ယနေ့နံနက် ၉ နာရီတွင်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်းက ပညာရေးသည် နိုင်ငံအတွက် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ပြီး ပညာရေးဌာနသည် လူသားအရင်းအမြစ်များ (Human Resource) မွေးထုတ်ပေးရာဌာနလည်းဖြစ်သည့် ဆရာ/ ဆရာမများ၏ အရည်အသွေးမြင့်မားစေရန် စဉ်ဆက်မပြတ် သင်ယူလေ့လာမှ စီမံခန့်ခွဲသူများ အနေဖြင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာမှာဖြစ်၍ အလုပ်ရုံဆွေးနွေးပွဲတွင် စိတ်ပါဝင်စား သင်ယူဆွေးနွေးကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းအိက ပညာ‌ရေးဝန်ကြီးဌာန၏ အဓိက ကဏ္ဍကြီး(၃)ရပ်ဖြစ်သည့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ၊ သင်ကြားသင်ယူမှုဆိုင်ရာ လုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းပြောကြား ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ် (၁၅၇)ဦး တက်ရောက်ကြပြီး နည်းပြ(၅)ဦးမှ မေ ၁၉ ရက်မှ‌ မေ ၂၀ ရက်နေ့ထိ ၂ ရက် ကြာ သင်ကြားပို့ချ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)