မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်ပထမနှစ် (ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက်) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကျင်းပ

မြောင်းမြ မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြပညာရေးဒီဂရီကောလိပ် ပထမနှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ပညာရေးဒီဂရီကောလိပ်ရှိ ပညာသီရိခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက သင်တန်းဖွင့် အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးမှ အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြပြီး မောင်မယ်သစ်လွင် ဆရာ/ ဆရာမများက အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)