သတင်းများ

ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲကျင်းပ
May 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါကျောင်း ပညာဗိမ္မာန်ခန်းတွင် ကျင်းပသည်။    
မြင်းခြံမြို့၌ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲပြုလုပ်
May 19,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က မြင်းခြံမြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက်(Abate)ဆေးခတ်ပေးခြင်း ဆောင်ရွက်
May 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း မိုးရာသီကာလတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုအဖြစ် ယနေ့နံနက် ၇ နာရီမှ စတင်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့ပေါ်ရပ်ကွက်အတွင်း (Abate)အဘိတ်ဆေးခတ်ပေးခြင်းလုပ်ငန်းအား ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဟင်္သာတမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပပြုလုပ်
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့ ဥယျာဉ်မြောက်ရပ်၊ ဟင်္သာရုပ်အဝိုင်းအနီး အ.ထ.က(၅)ကျောင်းရှေ့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
(၂၀၂၂- ၂၀၂၃) ပညာသင်နှစ် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်အဆင့်ဖွင့်လှစ်
May 19,2022
မွန်ပြည်နယ် မုဒုံမြို့နယ်၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ်စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့် မားရေး (မြို့နယ်အဆင့်) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် ပြုလုပ်သည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (၁၀၃၂၇) ဦးထိုးနှံပြီးဖြစ်
May 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ယနေ့မွန်းလွဲ (၁) နာရီခွဲအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူ (၃၃၀၅၄၈) ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ (၁၀၃၂၇) ဦး စုစုပေါင်း (၃၄၀၉၇၅) ဦး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ
May 19,2022
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
“ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့ ” ကျောင်းအပ်နှံ ရေးသီတင်းပတ် မြေစိုက်ပိုစတာ မြိတ်မြို့တွင် စိုက်ထူ
May 19,2022
၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ကျောင်း‌နေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရန်နှင့်အခြေခံ ပညာသင်ယူခွင့်ရရှိစေရန်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မေလ(၁၉)ရက် နံနက်ပိုင်းက မြိတ်မြို့ရှိ ခရိုင်ပညာရေးမှူးရုံးနှင့် မြို့ နယ်ပညာရေးမှူးရုံးတို့က ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာကို စိုက်ထူခဲ့ကြသည်။