ကမာရွတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နိုင်ရေး အသိပေးပိုစတာဗွီနိုင်းများ ချိတ်ဆွဲနိူးဆော်

ကမာရွတ် မေ ၁၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နိုင်းရေး သီတင်းပတ်ပညာပေး ပိုစတာဗွီနိုင်း တင်ပွဲအား ယနေ့ နံနက် (၇:၃၀) အချိန်က မြို့နယ် ၊မြို့နယ်ပညာ​ရေးမှုးရုံး၌ ကျင်းရာအဆိုပါပိုစတာတင်ပွဲသို့ မြို့နယ်ပညာ​ရေးမှုး၊ မြို့နယ်တွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မှုလတန်း​ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်း​ကျောင်းများမှ​ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ အ​ခြေခံပညာ​ရေးဝန်ထမ်းများ စုစုပေါင်း (၉၀) ဦး တက်​ရောက်ခဲ့ကြပါသည်။

မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မိဘပြည်သူ့များသိရှိ၍​ ကျောင်းများအပ်နှံနိုင်စေရေးအတွက် အသိပညာပေးပိုစတာဗွီနိုင်းများကို ချိတ်ဆွဲထားရှိ​ ပေးခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

နိုင်ငံ၏အနာဂတ်အတွက် မျိုးဆက်သစ်လူငယ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းမြစ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ရာတွင် အခြေခံပညာရေးမှာ လွန်စွာအရေးကြီးသည်။ မြင့်မားသည့်အဆောက်အအုံများ တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်ကို အထူးကောင်းမွန်စွာ တည်ဆောက်ကြရသကဲ့သို့ပင် အခြေခံပညာကို အရည်အသွေးပြည့်ပြည့်ဝဝနှင့် ကျေညက်စွာသင်ယူနိုင်ခွင့် ရရှိရန်အတွက် ကမာရွတ်တွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း (၁၈) ​ရှိကျောင်းတိုင်းတွင်လည်း လွယ်ကူစွာဖြင့် သိရှိနိုင်​စေရန် ချိတ်ဆွဲထားရှိ ပေးလျက်ရှိပါသည်။

ပညာရေဝန်ကြီးဌာန၏၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် “ကျောင်းနေရွယ်ကလေးများ အားလုံးပညာသင် ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” နိူးဆော်စာပါပိုစတာအတိုင်း ၂၀၂၂ မေလ (၂၆) ရက်နေ့မှ ဇွန်လ (၂၁) ရက်နေ့အထိ ကျောင်းအပ်နှံ၍ ပညာသင်ယူခွင့်ရရှိ စေရန်အတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ထို့ပြင် ၅ နှစ်ရွယ်ကလေးများကိုလည်း သူငယ်တန်း (KG) အပ်နှံရန်နှင့် ၆ နှစ်ရွယ်ကလေးများကိုလည်း ပထမတန်း (Grade-1) သို့အပ်နှံနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွတ်ပေးပါရန်အတွက် အသိပေးပညာပေးနိူးဆော် ပိုစတာဗွီနိုင်းများအား လည်းထပ်မံချိတ်ဆွဲထား ရှိပေးထားပါကြောင်း သိရသည်။

စိမ်းလဲ့(ပြန် /ဆက်)