သတင်းများ

စစ်ကိုင်းခရိုင် ပြန်/ဆက်ဦးစီးဌာနတွင် အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စကားပြော သင်တန်းဆင်းပွဲကျင်းပ
May 27,2022
စစ်ကိုင်းခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းတောင်ရိုးရှိ အောင်မြေဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ ပူးပေါင်း၍ အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်ဂရမ်မာ၊ အင်္ဂလိပ်စကားပြော သင်တန်းဆင်းပွဲကို မေ(၂၇)ရက်နေ့၊ နံနက်ပိုင်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်ပြိုလက်ဝဲမြို့၌ မိုင်းအန္တရာယ် အသိပညာပေးဟောပြော
May 27,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ မိုင်းအန္တရာယ် အသိပညာပေး ဟောပြောခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ မြန်မာမှ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက် (၁) အတွင်းတွင် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
May 27,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုးစပါး ဆင်းဧကရီ-၃ (RS) မျိုးသန့်မျိုးပွားမျိုးစေ့ပေးအပ်ပွဲနှင့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့(CS) စိုက်ပျိုးထုတ်လုပ်ခြင်း၊ မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်းနည်းပညာ သင်တန်းဖွင့်ပွဲကျင်းပ
May 27,2022
ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါး ဆင်းဧကရီ-၃ (RS) မျိုးသန့် မျိုးပွားမျိုးစေ့ပေးအပ်ပွဲနှင့် စီးပွားဖြစ်မျိုး​သန့်မျိုးစေ့ (CS) စိုက်ပျိုးထုတ်လုပ်ခြင်း၊ မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်းနည်းပညာ သင်တန်းဖွင့်ပွဲကို မေ (၂၇) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့နယ်တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
May 27,2022
သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေးနှင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည် ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်၊ ရာသီဥတု မျှတစေရန်ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ကြံခင်းကြိုးဝိုင်း အကွက်အမှတ်(၅၂)တွင် ယနေ့နံနက် (၈)နာရီအချိန်က မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပခဲ့သည်။
မိုးညှင်းမြို့တွင် ဒေသခံပြည်သူများ သိရှိလိုက်နာစေရန် လူကုန်ကူးမှုအသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူ
May 27,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ဒေသခံပြည်သူများ သိရှိလိုက်နာဆောင်ရွက်စေရန် လူကုန်ကူးမှု အသိပညာပေးဆိုင်းဘုတ်ကို ယနေ့နံနက် (၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံရှေ့နှင့် စုပေါင်းရုံးရှေ့တို့တွင် စိုက်ထူပြသထားလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနနှင့်အရန်မီးသတ်စခန်းများသို့ ရန်ရှောင်ကွင်းကုမ္ပဏီမှ Chin Saw (၅)ခုလှူဒါန်း
May 27,2022
စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာန၊ စိန်ကုန်းအရန်မီးသတ်စခန်း၊ သောတာပန်အရန်မီးသတ်စခန်း၊ ထုံဘိုအရန်မီးသတ်စခန်းနှင့်ခရိုင်ကြက်ခြေနီတပ်ဖွဲ့များထံသို့ ရန်ရှောင်ကွင်းကုမ္ပဏီမှ Chin Saw(၁)ခုစီ၊ စုစုပေါင်း(၅)ခုတို့အား ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို မေ(၂၇)ရက် နံနက်(၁၀)နာရီက ခရိုင်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထန်းတပင် မြို့နယ်၌ ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အခြေခံ) အပ်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ
May 27,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ပူးပေါင်းကာ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် တစ်လကြာဖွင့်လှစ်သည့် ရပ်ရွာ အခြေပြု အမျိုးသမီးဝတ် (အခြေခံ) အပ်ချုပ်သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က အဆိုပါခန်းမ၌ ကျင်းပသည်။