စစ်ကိုင်းခရိုင် ပြန်/ဆက်ဦးစီးဌာနတွင် အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စကားပြော သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်း မေ ၂၇

စစ်ကိုင်းခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းတောင်ရိုးရှိ အောင်မြေဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ ပူးပေါင်း၍ အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်ဂရမ်မာ၊ အင်္ဂလိပ်စကားပြော သင်တန်းဆင်းပွဲကို မေ(၂၇)ရက်နေ့၊ နံနက်ပိုင်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သင်တန်းဆင်းပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက သင်တန်းသားများအနေဖြင့် သင်တန်းကိုစိတ်ဝင်စားစွာဖြင့် သင်တန်းပြီးဆုံးအောင် တက်ရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းကပို့ချပေးလိုက်တဲ့ ပညာရပ်တွေကိုလည်း ဆက်လက်လေ့လာသင်ယူသွားကြပါ သင်ယူသွားရင်းနဲ့ မိမိတို့၏ရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက်သွားကြပါလို့ စသည်ဖြင့်ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၅)ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး တစ်လကြာ စာတွေ့/ လက်တွေ့ သင်ကြားပေးခဲ့ကာ အခြေခံကွန်ပျူတာသင်တန်းတွင် သင်တန်းသား(၂၀)ဦးနှင့် အင်္ဂလိပ်စကားပြောသင်တန်းတွင် သင်တန်းသား(၁၈)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)