ထန်းတပင်(ပဲခူး) မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ပူးပေါင်းကာ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် တစ်လကြာဖွင့်လှစ်သည့် ရပ်ရွာ အခြေပြု အမျိုးသမီးဝတ် (အခြေခံ) အပ်ချုပ်သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က အဆိုပါခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာ စကားပြောကြားပြီး တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမြင့်မှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းများပြောကြားခဲ့သည်။
ထို့နောက် အပ်ချုပ်သင်တန်းတွင် ချုပ်ထည်များအား လက်ရာသေသပ်လှပစွာဖြင့် အပ်ချုပ်နိုင်သည့် အကောင်းဆုံးဆုရရှိသော သင်တန်းသူ မယမင်းချိုအား အပ်ချုပ်စက်အစုံ အသစ်တစ်လုံးကို ဂုဏ်ပြုပေးအပ်ချီးမြှင့်သည်။
ယင်းသင်တန်းသို့ ထန်းတပင်မြို့နယ်အတွင်းမှ သင်တန်းသူ (၂၅) ဦး တက်ရောက်ခဲ့ကြပြီး နည်းပြများက ခေါင်းစွပ်အပွ အင်္ကျီ၊ ရင်စေ့ ရှေ့ကွဲ အင်္ကျီ၊ နောက်ကွဲ ဇစ်လက်ဖောင်းအင်္ကျီ၊ ရင်ဖုံးအင်္ကျီနှင့် ထဘီစကပ် အမျိုးမျိုးတို့အား ဘာသာရပ်များအလိုက် စာတွေ့လက်တွေ့ သင်ကြား ပြသခဲ့ကြောင်းနှင့် အဆိုပါ သင်တန်ဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)