သတင်းများ

၂၀၂၂−၂၀၂၃ ပညာသင်နှစ်၊ ချင်းပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်
May 27,2022
၂၀၂၂−၂၀၂၃ ပညာသင်နှစ်၊ ချင်းပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်ပညာရေးမှူးရုံး၊ တောင်ဇလပ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ဟားခါးတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောထွန်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တပ်ကုန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းခြင်းဆောင်ရွက်
May 27,2022
ပြည်ထောင်စုနယ်မြေ၊နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များအကျိုးရှိစွာ အသုံးချ တတ်စေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားမှုပိုမိုတတ်သိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ ၃နာရီခွဲက ဌာနဆိုင်ရာရုံးများသို့ အရောက်သွား ၍ စာအုပ်၊စာစောင်များကို ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
လပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
May 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ ယနေ့နံနက် ၁၁ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရှိရသည်။
အမရပူရမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆပ်ပြာဆီချက် နည်းသင်တန်း ပြုလုပ်ဆောင်ရွက်
May 27,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နေ့လယ်(၁)နာရီအချိန်က ဆပ်ပြာဆီချက်နည်းသင်တန်းကို  ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
May 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ မြို့ပေါ်နှင့် ကျေးရွာဒေသများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အဖြစ် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများအား ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်း သွားရောက်၍  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကလေးမြို့တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
May 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထုအခြေပြု ဗဟိုဌာန (Community Center) တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းထိုက်က ဆွေးနွေးခဲ့သည်။
သဲကုန်းမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ကွင်းဆင်းကြည့်ရှု စစ်ဆေး
May 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်သည် သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းက သဲကုန်းမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အခမ်းအနား ကျင်းပ
May 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးရက်သတ္တပတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျင်းပခဲ့သည်။