ကြာအင်းဆိပ်ကြီးမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်ကြားကျောင်းနေအရွယ် ကလေးများအား (ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ

ကြာအင်းဆိပ်ကြီး ဇွန် ၃

ကျောင်းနေအရွယ်ကလေးများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန် မိသားစုနှင့်ပတ်ဝန်းအား ရောဂါကူးစက်ပြန့်ပွားမှုတားဆီးနိုင်စေရေးနှင့် ကာကွယ်ဆေး လွှမ်းခြုံမှုအလျှင်အမြန်ရရှိစေရေးအတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်စေဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့ ဟူသည့်ဆောင်ပုဒ်အတိုင်း အသက်(၅)နှစ်မှ (၁၂)နှစ်အကြား(ပထမ) အကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ဇွန်လ(၂)ရက်နေ့မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါအသက်()နှစ်မှ (၁၂)နှစ်ကြား ကျောင်းနေအရွယ်ကလေးများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံခြင်းကို ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းနှင့် မူလတန်းလွန်ကျောင်းများမှ ကျောင်းသား/ကျောင်းသူ  ကလေးငယ်များအားဇွန်လ(၂)ရက်နေ့ နံနက်ပိုင်းအချိန်မှစတင်ပြီး အမှတ်(၅)ရပ်ကွက်ရှိ ဇမိခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဟန်မှ ဦးဆောင်စီမံဆောင်ရွက်လျက်ရှိပြီး မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှအနီးကပ်ကြီးကြပ်စီမံဆောင်ရွက်ပြီး ကျန်းမာရေး သူနာပြု ဆရာ/ဆရာမများက စနစ်တကျ ဂရုတစိုက်ဖြင့် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၎င်းကာကွယ်ဆေးကို အခြေခံပညာမူလတန်းကျောင်းနှင့် မူလတန်းလွန်ကျောင်းကျောင်း (၁၉) ကျောင်းမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၁၇၇) ဦးအား ဇွန်လ(၂)ရက်နေ့မှစတင်ကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး