သတင်းများ

ဘားအံမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ  အသက် ၅နှစ်မှ ၁၂နှစ်အထိ ကျောင်းသား/သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး
Jun 03,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/သူများကိုဗစ်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)ထိ‌‌ကျောင်းသား၊ကျောင်းသူများအား သတ်မှတ်စုရပ်နေရာများတွင် ဇွန်လ ၂ ရက်နေ့မှစ၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်(ဒုတိယနေ့)အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆက်လက်‌ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင်‌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဆင်းပွဲကျင်းပ
Jun 03,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေအမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၉)နာရီက ရေဦးအုပ်စု၊ ကြီးအောင်းကျေးရွာ ဘုန်း‌တော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ
Jun 03,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာ ကိုကိုလင်း(အမေ့အိမ်)ရေးသားထားသည့်" လူကြီးတွေက စပြင်ပါ" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကိုကို ယနေ့နံနက် (၉:၃၀)အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။                                                
ဘီးလင်းမြို့နယ်၌ အသက်(၅) နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယနေ့ဆက်လက်ထိုးနှံပေး
Jun 03,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ  အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို ဇွန် ၂ ရက်နေ့မှ စတင်ကာ ဘီးလင်းမြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်ထားရှိရာ အခြေခံပညာကျောင်းများ၌ သတ်မှတ်ရက်အလိုက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
တပ်ကုန်းမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အသိပညာပေး ( Talk Show ) ဆောင်ရွက်
Jun 03,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီး ဌာနတို့ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show)အစီအစဉ်ဆွေးနွေးခြင်းကို ဇွန်၃ရက် မွန်းလွဲ ၁နာရီခွဲက ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။
ကြို့ပင်ကောက်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Jun 03,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်
လွိုင်လင်မြို့အခြေခံပညာကျောင်းများရှိ အသက်(၅) နှစ်မှ (၁၂)နှစ် အတွင်း ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး
Jun 03,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက်ပိုင်းမှစ၍ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/သူများအား Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ချောင်းဆုံတွင် မိုးစပါးပိုးမွှားရောဂါ ကြိုတင်ကာကွယ်ခြင်း နည်းပညာပေးသင်တန်းနှင့် ဟောပြောပွဲပြုလုပ်
Jun 03,2022
ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာသီ၌ ဖြစ်ပွားတတ်သည့် ဆစ်ပိုး၊ ခရု စသည့် စပါးဖျက် ပိုးမွှားများအန္တရာယ်မှ တောင်သူဦးကြီးများ ကြိုတင်ကာကွယ် နှိမ်နင်းနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ကညှော်ကျေးရွာခန်းမတွင် မိုးစပါးပိုးမွှားရောဂါ ကြိုတင်ကာကွယ်ခြင်း နည်းပညာပေးသင်တန်းနှင့် ဟောပြောပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။