ဘီးလင်းမြို့နယ်၌ အသက်(၅) နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယနေ့ဆက်လက်ထိုးနှံပေး

ဘီးလင်း ဇွန် ၃

သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ  အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို ဇွန် ၂ ရက်နေ့မှ စတင်ကာ ဘီးလင်းမြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်ထားရှိရာ အခြေခံပညာကျောင်းများ၌ သတ်မှတ်ရက်အလိုက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ဘီးလင်းမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံပေးသည့် အခြေခံပညာကျောင်းပေါင်း   (၁၃) ကျောင်း ၌ ဆေးထိုးစုရပ်များပြုလုပ်၍  အသက် (၅) နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်း သူများအား ကာကွယ်ဆေးထိုးအဖွဲ့(၈)ဖွဲ့ဖြင့် ကျန်းမာရေး  ဝန်ထမ်းများက  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ ကာကွယ်ဆေးထိုးနှံ ပြီးစီးသူ ကျောင်းသား၊ ကျောင်းသူ (၁၂၄၉) ဦးရှိပြီး ကျန်ရှိနေသေးသော  ကျောင်းသား၊ ကျောင်းသူများကို သတ်မှတ်ရက်အတွင်း ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ထူးနောင် ဘီးလင်း

 ပြန်/ဆက်