ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ

ပုဗ္ဗသီရိ ဇွန် ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာ ကိုကိုလင်း(အမေ့အိမ်)ရေးသားထားသည့်" လူကြီးတွေက စပြင်ပါ" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကိုကို ယနေ့နံနက် (၉:၃၀)အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။                                                

အဆိုပါစာဖတ်ဝိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက လူငယ်လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓါတ်များ ရှင်သန်ထက်မြက်လာစေရန်၊ ဗလငါးတန် ပြည့်စုံစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်)၊ စာရေးဆရာ ရဲမွန်ကျော်နှင့် စာရေးဆရာ ဘုန်းရဲနိုင် (ဂန့်ဂေါ) တို့က " လူကြီးတွေကစပြင်ပါ" စာအုပ်ပါ လူငယ်များကို ပြုစုပျိုးထောင်ပေးရမည်မှ လူကြီးတွေသာဖြစ်ကြောင်း၊ အတုယူတတ်သော လူ့သဘာဝအရ လူငယ်မျိုးဆက်သစ်တို့သည်၎င်းတို့ ပတ်ဝန်းကျင်မှလူကြီးများကို အမြဲအတုယူနေကြသည်ဖြစ်၍ မျိုးဆက်သစ်များကို ပျိုးထောင်ပေးကြမည့် မျိုးဆက်ဟောင်းလူကြီးများသည် အင်မတန်အရေးကြီးပါကြောင်း အသီသီးဟောပြောခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)