တပ်ကုန်း ဇွန် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီး ဌာနတို့ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အသိပညာပေး (Talk Show)အစီအစဉ်ဆွေးနွေးခြင်းကို ဇွန်၃ရက် မွန်းလွဲ ၁နာရီခွဲက ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ နေပြည်တော်ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးကျော်နိုင်ဦးတို့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်း အကျဉ်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်များ၊ ရည်ရွယ်ချက်များနှင့်အဓိပ္ပာယ် များ၊ကမ္ဘာပေါ်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ၊ ပတ်ဝန်းကျင် ဆိုင်ရာပြဿနာတွေ ဖြစ်ပေါ်လာရတဲ့ အဓိကအကြောင်းအရင်းများ၊ ကမ္ဘာ့မြေကြီးသန့်ရှင်းသာယာပြီး ရေရှည်တည်တံ့နိုင်ရေး လူသားတစ်ဦးတစ်ယောက်ချင်စီ လိုက်နာရမည့်အချက်များ၊ ဇွန်လ၅ရက်နေ့တွင်ရောက်ရှိမည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အထိမ်းအမှတ် လှုပ်ရှားမှုအစီအစဉ်များစသည့်တို့ကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သိကောင်းစရာ အသိပညာပေး(Talk Show) အပြည့်အစုံကို တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်
ပြန်ဆက်ရုံး
တပ်ကုန်းမြို့