သတင်းများ

မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ငပုတောမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအား ဆက်လက်ကွင်းဆင်းစစ်ဆေး
Jun 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အေးချမ်းပျော်ရွင်စွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူးဖြိုးသူရကျော်တို့သည် ယမန့်နေ့လည်တွင် ဆက်လက်၍ ကွင်းဆင်း​ကြည့်ရှုခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်
Jun 05,2022
“တစ်ခုတည်းသော ကမ္ဘာမြေ” ဆောင်ပုဒ်ဖြင့် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့်အတူ ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲ ဆုရသူများကို ဆုချီးမြှင့်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မြို့တော်ခန်းမ ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက်အမှာစကား ပြောကြားသည်။
ရမည်းသင်းမြို့နယ်၌ ၂၀၂၂ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 05,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်သစ်တောဦးစီးဌာနမှဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီခွဲက ရွှေဒါးမဟာဗောဓိဘုရား ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။    
မြင်းခြံမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ အကြိုသစ်ပင်စိုက်ပွဲ ကျင်းပ
Jun 05,2022
နှစ်စဉ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို အလေးထားသိရှိနားလည်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်စေရေး၊ အရိပ်အာဝါသနှင့် မျက်စိပဒေသာအကျိုးများ ရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ကုက္ကဲကျေးရွာအနီးရှိ အမှတ် (၃) တပ်မတော်အကြီးစားစက်ရုံတွင် မိုးရာသီအကြို သစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေနေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ပြုလုပ်
Jun 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ရွှေသမင်းကာကွယ်တော၌ သစ်တောဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေနေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈း၃၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့နယ် နမ့်ဟိုင်းလုံကျေးရွာတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ
Jun 05,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခိုက်မှုများ ကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရသော ပြည်သူများနှင့် ထိခိုက်သေဆုံးသွားသည့် ကျန်ရစ်သူမိသားစုအတွက်  ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက စဉ့်ကူးမြို့နယ်စည်ပင်သာယာခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 05,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ သား/သမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။