၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု တွင် ကပ်ထားကြေညာပေး

ကြံခင်း ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်(၄)နာရီအချိန်က ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ကပ်ထားကြေညာပေး ကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သော ကျောင်းသား၊ ကျောင်းသူ (၂၇၂)ဦး၏ အမည်စာရင်းအား ကပ်ထားပေးရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆွေမျိုးများမှ လာရောက်ကြည့်ရှု ကြသည်။

ကြံခင်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်းနှင့် အခြေခံပညာ အထက်တန်း(ခွဲ) (၁)ကျောင်း ရှိရာ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း(၄၇၁)ဦးရှိပြီး ဖြေဆိုအောင်မြင် သော ကျောင်းသား၊ ကျောင်းသူ(၂၇၂)ဦးရှိ‌ရာ အောင်မြင်မှုရာခိုင်နှုန်းမှာ (၅၇ ဒသမ ၇၅)ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)