သတင်းများ

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် Booster Dose  ထိုးနှံ
Jun 18,2022
မိုးကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဆေးထိုးလိုသူများအား အသက်(၅)နှစ်နှင့်(၁၈)နှစ်အတွင်း လူငယ်များကို (Sinopharm/ Myancopharm/ Sinovac)ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်း၊ (၁၈)နှစ်နှင့်အထက် ပြည်သူများကို... (Astrazeneca/Covishield) ကိုဗစ်ကာကွယ်ဆေးများကို ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးပေးခြင်း၊ Coshield/ Sinopharm ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှု(၆)လ ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster  Dose (Astrazeneca) ထိုးပေး ခြင်းများအား မိုးကုတ်မြို့၊ မဏိရတနာခန်းမနှင့် ကျပ်ပြင်ပတ္တမြားရတနာခန်းမတို့တွင် အပတ်စဉ် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင်  နံနက် ၉ နာရီမှ ၁၁:၃၀ နာရီအတွင်း ထိုးနှံပေးလျက်ရှိကြောင်း သိရပါသည်၊၊
ကျွန်းစုမြို့တွင် ဒေသခံတောင်သူများအား ဝင်ငွေတိုးပွားစေရန် အမယ်သစ်သီးနှံပင်များအားပေးအပ်
Jun 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့တွင်ဒေသခံတောင်သူများအား စီးပွားဖြစ်လုပ်ကိုင်နိုင်စေရန်အတွက် ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီမှူးရုံး၌ အမယ်သစ်သီးနှံပင်များ ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌   ကျောင်းသား/သူ  ၁၆၀၂၃  ဦးအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ
Jun 18,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ် နှင့် (၁၂)ကြားရှိ ကျောင်းသား/သူများအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက သတ်မှတ်ကျောင်းစုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးခဲ့ကြသည်။
သထုံမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jun 18,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့သန့်ရှင်းသာယာ‌ရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီ အချိန်ခန့်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ ခရိုင်တိုင်းရင်းဆေးရုံဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
ဖောင်းပြင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်၊ အောင်ချက်ရာခိုင်နှုန်း ၃၃ ဒသမ ၂၈ ထိ အောင်မြင်
Jun 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဖောင်းပြင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၆ နာရီအချိန်က ထုတ်ပြန်ကြေညာရာ အောင်ချက်ရာခိုင်နှုန်း (၃၃ ဒသမ ၂၈) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူး သင်တန်းဖွင့်လှစ်
Jun 18,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ကြီးမှူး၍ အခမ်းအနားမှူး သင်တန်းကို လူထုအခြေပြုဗဟိဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ(၁) နာရီ အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေမြှင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေ ဝင်ရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး
Jun 17,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေမြှင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်း ရပ်ကွက် ဖြစ်သည့် ခွန်သာရပ်ကွက်နှင့် ဆင်ကုန်းရပ်ကွက်သို့ ယနေ့နံနက်ပိုင်းက မြစ်ရေတိုးဝင်လာပြီး အိမ်ထောင်စုအချို့အား တာဝန်ရှိသူများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။