ချောက်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်း (၃၅.၃၀)ရာခိုင်နှုန်း ရှိ

ချောက် ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၂ခုနှစ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ နံနက်၆နာရီက ချောက်မြို့နယ် ပညာရေးမှူးရုံးနှင့် စာစစ်ဌာန (၇)ခုတွင် ကပ်ထား ကြေညာလျက်ရှိကြောင်း သိရသည်။

ချောက်မြို့နယ်တွင် စာစစ်ဌာန(၇)ခု၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းဖြေ(၅၀၆)၊ အလွတ်ဖြေ(၃၇၅)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၈၈၁)ဦးတွင် အောင်မြင်သူ ကျောင်းတွင်း(၁၇၄)ဦး၊ အလွတ်ဖြေ(၁၃၇)ဦး စုစုပေါင်း(၃၁၁)ဦးရှိကြောင်း၊ အောင်မြင်သူများ၌ (၄)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၇၄)ဦး၊ စုစုပေါင်းဂုဏ်ထူးရကျောင်းသား (၈၂)ဦးရှိကြောင်း၊ ဂုဏ်ထူးရဘာသာရပ်များမှာ သင်္ချာ(၁)၊ ဓာတု(၇)၊ ရူပ(၄)၊ ဇီဝ(၄၄)၊ ပထဝီ(၁)၊ သမိုင်း(၂)၊ ဘောဂ(၃၆)၊ မြန်မာ(၁) စုစုပေါင်း(၉၆)ဖြစ်ကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်းမှာ(၃၅.၃၀)ရာခိုင်နှုန်းရှိကြောင်း ချောက်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)