သတင်းများ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အ.လ.က ၂၁ ကျောင်းတွင် မိုဘိုင်းစနစ်ဖြင့် စာဌားခြင်းဆောင်ရွက်
Feb 08,2023
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.လ.က ၂၁ ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား မိုဘိုင်းစနစ်ဖြင့် စာဌားဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီခွဲကကျင်းပ ပြုလုပ်ခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ အခြေခံပညာ လက်ထောက်မူလတန်းပြ ရက်တိုမွမ်းမံသင်တန်းဖွင့်လှစ်
Feb 08,2023
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်တွင် အ.ထ.က ကျောက်ကြီး သပြေဆောင်ခန်းမတွင် အခြေခံပညာ လက်ထောက်မူလတန်းပြ ရက်တိုမွမ်းမံ သင်တန်းအား မြို့နယ်ပညာရေးမှူးရုံးက ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ
Feb 08,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို  မူလတန်းအဆင့် ပန်းချီဆွဲပြိုင်ပွဲအား ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။
သံဖြူဇရပ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ
Feb 08,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရွှေကျင်မြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ
Feb 08,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် စည်းလုံးညီညွတ်ခြင်း၏အရေးပါပုံအား သိရှိစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ ကျင်းပ
Feb 08,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ကျင်းပခဲ့ကြောင်းသိရသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်း အစည်းအဝေးပြုလုပ်
Feb 08,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၉)နာရီခွဲ အချိန်က ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ပြုလုပ်ခဲ့သည်။
ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှါးရမ်းပေးခြင်းဆောင်ရွက်
Feb 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်  ၉ နာရီခွဲအချိန်က ပလောက်နယ်မြေမီးသတ်စခန်းသို့  သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။