သတင်းများ

ကျောက်တံတားမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Feb 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မီးဘေးအန္တရာယ် များအားအချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့၊ အ.ထ.က(ဂန့်ဂေါ)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Feb 08,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အ.ထ.က(ဂန့်ဂေါ)ကျောင်း၌ ကျောင်းသား/သူများ အသိပညာဗဟုသုတ၊ အတွေးအခေါ်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (ဂန့်ဂေါ)ပုံညာခန်းမ၌ ပြုလုပ်ခဲ့သည်။‌
ကွတ်ခိုင်မြို့နယ်၌ (၇၆)နှစ်မြောက်ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကျင်းပ
Feb 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၌ ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၇) ရက်နေ့တွင်ကျရောက်သည့် (၇၆)နှစ်မြောက်ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုခန်းမ၌ ယမန်နေ့နံနက်(၈) နာရီအချိန်တွင် ကျင်းပကြောင်း သိရသည်။
မိုင်းပျဉ်းမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ
Feb 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆) နှစ်မြောက် ပြည်ထောင် စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီက အခြေခံပညာမူလတန်းလွန်ကျောင်း၊ ဝမ်ယန်းရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းပေး
Feb 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ယနေ့တွင် ဌာနဆိုင်ရာများသို့ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းဆောင်ရွက်ခဲ့သည်။
မိုင်းယောင်းမြို့၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Feb 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲပြုလုပ်
Feb 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ကျောင်းသားကျောင်းသူများ ပြည်ထောင်စုနေ့ကို အစဉ်အောင့်မေ့သတိရနေစေရန်နှင့် တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်မှု အစဉ်တည်မြဲစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို)ဟောပြောပွဲကို
မဘိမ်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများသို့ ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။