ကျောက်ကြီး ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်တွင် အ.ထ.က ကျောက်ကြီး သပြေဆောင်ခန်းမတွင် အခြေခံပညာ လက်ထောက်မူလတန်းပြ ရက်တိုမွမ်းမံ သင်တန်းအား မြို့နယ်ပညာရေးမှူးရုံးက ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက်အဖွင့်အမှာ စကားပြောကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူးက ဆရာ၊ ဆရာမများအနေဖြင့် သိသင့်သိထိုက်သည်များ၊ ကျောင်းသားလူငယ်များ ပြန်လည်သင်ကြားပို့ချရာတွင် တွေ့နိုင်သည့်အခက်အခဲများအား ကျော်လွှားနိုင်စေရန်၊ ဝန်ထမ်းကျင့်ဝတ်နှင့် ဝန်ထမ်းစည်းကမ်း၊ ပညာရေးမူဝါဒများ၊ သင်ရိုးသစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ၂၁ ရာစုကျွမ်းကျင်မှုနှင့် သင်ယူမှုဆိုင်ရာလုပ်ငန်းများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ ဆရာကျင့်ဝတ်နှင့် ကိုယ်ကျင့်သိက္ခာ၊ ခွင့်အမျိုးမျိုး၊ ပင်စင် စသည့် ပို့ချမည့်ဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းအား ဖေဖော်ရီ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ သင်တန်းကာလ (၅) ရက်အား နံနက် ၈ နာရီမှ ညနေ (၄) နာရီခွဲအထိ သင်တန်းသား သင်တန်းသူ (၂၇) ဦးအား နည်းပြဆရာ(၄) ဦးမှ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)