သတင်းများ

ချောင်းဆုံမြို့နယ် ဘိုးနက်(အလက-ခွဲ)ကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲပြုလုပ်
Feb 09,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ မလိုလားအပ်သည့် သဘာဝဘေး အန္တရာယ်များနှင့် မီးလောင်မှု မဖြစ်ပေါ်စေရေးအတွက် ပညာရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး၊ ယမန်နေ့က၊ ချောင်းဆုံမြို့နယ်၊ ဘိုးနက်(အလက-ခွဲ) အခြေခံပညာကျောင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြမှုများ ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ် (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲကျင်းပ
Feb 09,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းများကို သိရှိစေရန်ရည်ရွယ်၍ အသိပညာပေး(TalkShow) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ ဆက်လက်ငှားရမ်းပေးလျက်ရှိ
Feb 09,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့ အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတရရှိစေရန်နှင့် ခရိုင်ပြည်သူ့စာကြည့် တိုက်သို့လာရောက် မငှားရမ်းနိုင်သည့်ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ်စာစောင်များတင်ဆောင်၍ ဆက်လက်ငှားရမ်း ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိကျောင်းသား/သူများ အား သုတ/ ရသ စာအုပ် စာစောင်များငှားရမ်း ပေးခဲ့ကြောင်းသိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌  စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (Book Club) အဖွဲ့ဝင်များ ဖြင့် စာဖတ်ဝိုင်းပြုလုပ် 
Feb 09,2023
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)ရေးသားသော “ပစ်တိုင်းထောင်စိတ်ဓာတ်” စာအုပ်ဖြင့် စာဖတ် ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၆)နှစ်​မြောက် ပြည်​ထောင်စု​နေ့အထိမ်းအမှတ်အကြို​ ဟော​ပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲ၊ စာအုပ်စာ​စောင်ပြပွဲကျင်းပ
Feb 09,2023
ကယားပြည်နယ်၊​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ပညာ​ရေးဦးစီးဌာနတို့ပူး​ပေါင်း၍ (၇၆)နှစ်မြောက်ပြည်​ထောင်စု​နေ့အထိမ်းအမှတ်အကြို​ဟော​ပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်စာ​​​စောင်ပြပွဲကို ယ​နေ့နံနက်(၁၁)နာရီအချိန်က အ​ခြေခံပညာအထက်တန်း​ကျောင်း ပညာရတနာခန်းမ​ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ချစ်ခြင်းရယ်တူပြိုင်၊ ချစ်ခြင်းဖွဲ့ချည်ကဗျာများ စာအုပ်မိတ်ဆက်ပွဲကျင်းပ
Feb 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ခွန်မြတ်ဇေယျာ(ပင်လောင်း)နှင့် မေ (ပြင်ဦးလွင်) တို့ရေးသားသည့် ချစ်ခြင်းရယ်တူပြိုင်၊ ချစ်ခြင်းဖွဲ့ချည်ကဗျာများ စာအုပ်မိတ်ဆက်ပွဲကို ယနေ့၊ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပသည်။
ကျိန္တလီမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Feb 09,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက (အခမဲ့)ဖြန့်ဝေပေးခဲ့ကြသည်။
ပြည်မြို့၊ အောင်ဆန်း အ.ထ.က ကျောင်းတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာ အသိပညာပေးဆောင်ရွက်
Feb 09,2023
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသားကျောင်းသူ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးခြင်း အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့(အောင်ဆန်း) အခြေခံပညာအထက်တန်း​ကျောင်းတွင် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။