ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.လ.က ၂၁ ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား မိုဘိုင်းစနစ်ဖြင့် စာဌားဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီခွဲကကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာဌားဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် စာပေ ဖတ်ရှုသည့် အလေ့အထရှင်သန်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြု တတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများ သိရှိစေ ရန်နှင့်စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် မိုဘိုင်းစနစ်ကို အသုံးပြု၍ စာအုပ်/စာစောင်များ ဌားရမ်းပေးခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိဒေါ်ခင်စောလွင်ကပြောကြားခဲ့ပြီးကျောင်းအုပ်ဆရာမကြီးဒေါ်မာလာစိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများက သုတ/ရသစာအုပ်(၃၈ဝ)အုပ် ဌားရမ်းခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက်