သံဖြူဇရပ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

သံဖြူဇရပ် ဖေဖော်ဝါရီ ၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာအခမ်းအနားတွင် သံဖြူဇရပ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းရုံးမှ၊ ဒေါ်သန်းသန်းဦး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပါအခွင့်အရေးများနှင့်ပတ်သက်၍ ကလေးသူငယ်ဥပဒေ ပေါ်ပေါက်လာပုံ၊ CRC ဖွဲ့စည်းဆောင်ရွက်မှု၊ ရည်ရွယ်ချက်၊ ကလေးသူငယ်မွေးစားခြင်း၊ မသန်စွမ်းကလေးသူငယ်များရရှိနိုင်သော အခွင့်အရေးများနှင့်ပြစ်မှု ပြစ်ဒဏ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများအား မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးစည်သူ (ပြန်/ ဆက်)