ဖြူး ဖေဖော်ဝါရီ ၈
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၉)နာရီခွဲ အချိန်က ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဖြည့်စွက်ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးချက်များအရ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ဦးစွာဆောင်ရွက်ပြီး အခမ်းအနားကို စည်ပင်သာယာရေးခန်းမတွင် ဆက်လက်ကျင်းပကာ အထိမ်းအမှတ်အနေဖြင့် အခြေခံပညာအဆင့် ကျောင်းပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့အပြင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် ယှဉ်ပြိုင်ခဲ့သော အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်နိုင်ရေးနှင့် အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အလားတူ မြို့တော်
သန့်ရှင်းသာယာလှပရေး၊ ပူပြင်းခြောက်သွေ့သော ရာသီရောက်လာသည်နှင့်အမျှ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်/ ကျေးရွာအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊လုံခြုံရေး စသည့်အချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ ဆက်)