ချမ်းမြသာစည် ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းများကို သိရှိစေရန်ရည်ရွယ်၍ အသိပညာပေး(TalkShow) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမင်းဏီလူတို့က မူးယစ်ဆေးဝါး၏အန္တရာယ်များ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအပြင် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများကိုသိရှိပြီးရှောင်ရှားနိုင်ရေး၊ တားဆီးကာကွယ်ရေးစသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခင်စိမ်းဝင်း