လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌  စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (Book Club) အဖွဲ့ဝင်များ ဖြင့် စာဖတ်ဝိုင်းပြုလုပ် 

လိပ်သို  ဖေဖော်ဝါရီ  ၉

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)ရေးသားသော “ပစ်တိုင်းထောင်စိတ်ဓာတ်” စာအုပ်ဖြင့် စာဖတ် ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှရုပ်သံ ကျွမ်းကျင်-၃ ဦးစောဝေါ်ကွောထူးက စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ ကြွယ်၀နိုင်ကြောင်းနှင့် လူငယ်များအနေဖြင့် စာဖတ်ခြင်းမှရရှိသည့်  အသိပညာ ဗဟုသုတများကို သိရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပစ်တိုင်းထောင် စိတ်ဓာတ် စာအုပ်ရှင်းလင်းပြောကြားသည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာပေဝါသနာရှင် မအေးသာအောင်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော “ပစ်တိုင်းထောင် စိတ်ဓာတ်” စာအုပ်ခေါင်းစဉ် အောက်မှ “စိတ်ဓာတ်ကောင်းမှဖြတ်သန်းနိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊စာပေဝါသနာရှင် မခင်လေးဇာက“ရသဘယ်နှစ်မျိုးရှိသလဲ”ခေါင်းစဉ်အောက်မှ ရသဆိုတာစိတ်ကိစ္စဖြစ်ပါကြောင်း၊ ရသသဘောဟာ အလွန် တရာသိမ်မွေ့တယ်၊ ရသကို ခွဲခြမ်းစိတ်ဖြာလေ့လာကြရာမှာ အနုပညာဖန်တီးသူ ဘယ်သူမဆို ဒီအချက်တွေကို အခြေခံအနေနဲ့ သိမြင်နားလည်ထားသင့်ပါ ကြောင်း၊ ကဗျာပဲဖွဲ့ဖွဲ့ ဝတ္တုပဲရေးရေး ရသကိုးပါးကို ထိအောင်ငြိအောင်ရေးဖွဲ့နိုင်ရမှာဖြစ်ကြောင်း၊ စာပေမှာဖြစ်စေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင်စတဲ့ အမျိုးမျိုးသောအနုပညာတို့မှာဖြစ်စေ ရသမြောက်အောင်တင်ဆက်ကြရတာ အရေးကြီးကြောင်း၊ ရသအနုပညာအမျိုးအစားတွေအရေအတွက် သိရုံမျှမက ရသကို အရည်အသွေးရှိစွာဖန်တီးနိုင်ကြပါစေကြောင်းစသည့်စာအုပ်ပါအကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့ကြပြီး သိရှိလိုသည့်အချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)